မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်

မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်
=========================

(၁) စာဖတ်ဝါသနာရှိပါစေ

(၂) အဆင့်အတန်းရှိပါစေ

(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ

(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ

(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ

(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ

(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ

(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ

(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ

(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ

(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ

(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ

(နိုင်းနိုင်း စနေ)


FACEBOOK မှကူးယူဖော်ပြသည်

Facebook မှာ autolike တွေautocomment တွေထည့်မယ်(no spamming/100% work)

fb မှာ like များချင်တဲ့ သူငယ်ချင်းတွေ comment တွေများချင်တဲ့သူငယ်ချင်းတွေအတွက် ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်..သိတဲ့လူကတော့ကျော်သွားပေါ့လေ.....
ဒီနေရာလေးမှာ လုပ်ရမှာပါ.....ကျွန်တော် အစမ်းလုပ်ပြထားတယ်နော်...

ခု အစမ်းကတော့ ကျွန်တော် ပြိုင်ပွဲဝင်တဲ့ page့  ပုံလေးဖြစ်ပါတယ်
အဲ့က like တွေ တော်တော် များများဖြစ်နေအောင် ဒါလေးနဲ့ပဲ အစကနေ လုပ်ထားတာပါ...ခုတော့screenshot
ရိုက်တဲ့ အချိန်က စမယ်နော်...



အပေါ်က ပုံက likes လေးတွေ ရနေတဲ့ပုံပါ....likes လေးတွေကို မှတ်ထားဦးနော်...နောက်ဘာဖြစ်မလဲကြည့်
အပေါ်က ပုံလို ပေါ်လာပါမယ်

application permission ကို လုပ်ပေးရပါမယ်....
ပီးရင်တော့အပေါ်ကပုံအတိုင်း token ယူရမှာပါ.....
ပီးရင် address bar ပေါ်က စာတွေကို copyကူးပါ...
ပီးရင် ရှေ့ဆုံး tab စာမျက်နှာမှာ...အဲ့ စာသားတွေpaste လုပ်ပေးပါ
ပီးရင် click here to submit လုပ်ပါ
ပီးရင်တော့ အပေါ်က menu bar လေးမှာ ကိုယ် လုပ်ချင်တာလေးတွေရွေးပါ
ပီးရင် id no ကို ထည့်ပေးပါ.....
id no ယူတာ မသိရင်
ဘယ်က ယူရလဲအောက်က ပုံကြည့်ပါ....
တစ်ခါတစ်လေ အောက်က ပုံလိုဖြစ်ပါလိမ့်မယ်....don't worry

get token လေးကို နှိပ်ပီး  address bar ပေါ်က code လေးကို ကူး ပီးရင်
သူထည့်ခိုင်းတဲ့နေရာ လေးမှာ paste ပြန်လုပ်ပေးပါ
 ပီးရင် အပေါ်က ကိုယ် like ချင်တဲ့နေရာလေးမှာ submit  လုပ်ပေးပါ..

အပေါ်ကလို ပေါ်လာရင်တော့ Like တိုးသွားပါပီဗျာ
အောက်က ပုံက likeတွေတိုးလာတဲ့ပုံလေးပါ...
ကျွန်တော် တို့ပုံတွေသွားပြိုင်ရင် like 200 ကျော် ရင်ကံကောင်းဗျို့ အဲ့လိုကလိမ်ကကျစ်လေးကျမှနိုင်မှာလေ
ဟီးဟီး...ခုတော့ အဲ့ site က မရတော့ဘူးဗျ  but စမ်းကြည့်ပါဦး.....နောက်ပြန်ရမှာပါ...ခုတော့ get token update ကနေ မတက်တော့ဘူး......အဲ့လို autolike လုပ်ပေးတဲ့ site တွေ အများကြီးရှိပါတယ် ရှာကြည့်ပါ
လုပ်ပုံလုပ်နည်းကတော့ အတူတူပဲဗျ.....mobile ကနေ လုပ်တာကို လဲနောက်အားမှ တင်ပေးတော့မယ်
ပီးတော့ သင်္ကြန်ပီးလို့ရှိရင် facebook account hacking(no recovery mode,no phishing,no program needed 75% work) အကြောင်း ရေးပေးဦးမယ်ဗျ....

အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ...
MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

ခမရ(၅၆၅)မှ ဗိုလ်ကြီးတစ်ဦး ရခိုင်လူငယ်တစ်ဦးကို ရိုက်နှက်


ရခိုင်ပြည်နယ် ဘူးသီးတောင်တပ်နယ် အမှတ်(၁၅) စကခ လက်အောက်ခံ ခမရ (၅၆၅)မှ တပ်ထောက်ဗိုလ်ကြီး အောင်မိုးဦး(ကြည်း ၃၉၇၈၄) နှင့် တပ်သား ဆန်းမြင့်တို့နှစ်ဦးသည် ဧပြီလ (၁၃)ရက်၊ ညနေ(၅)ခန့်တွင် ဆိုင်ကယ် အငှါးမောင်းနေသည့် ကွန်ဒိုင်ရွာမှ ကိုဇော်ဝင်းမောင်(မှတ်ပုံတင်- ၁၁/ဘသတ (နိုင်) ၀၂၉၉၉၇) (ဘ) ဦးထွန်းအောင်ဖြူအား ပြင်းပြင်းထန်ထန် ရိုက်နှက် ထိုးပုတ်ခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။

“တပ်သားဆန်းမြင့်က ကျွန်တော့်ကိုဖမ်းချုပ်ထားပြီး ဗိုလ်ကြီးအောင်မိုးဦးက လည်ပင်းကိုတအားဖျစ်ဆုတ်ကိုင်ပြီး ပါးနှစ်ဖက်ကို လက်ဖဝါးရင်းနဲ့ တအား အကြိမ်ပေါင်းများစွာ ရိုက်နှက်ပါတယ်” ဟုကိုဇော်ဝင်းမောင်က ပြောပြပါသည်။

ထိုသို့ရိုက်နှက်ရသည်မှာ ဘင်္ဂါလီလူမျိုး စိုးနိုင်(ခ)ချိုင်းနား (ဘ) နော်ရူဇမာန်ဆိုသူသည် ထိုဗိုလ်ကြီးအဖွဲ့နှင့် ပူးပေါင်းကာ အနိုင်ကျင့် ဗိုလ်ကျနေကြောင်း၊ ဆိုင်ကယ်အငှါး ဆွဲရာတွင်လည်း လိုင်းကြေးမသွင်းဘဲ စစ်တပ်အားကိုးဖြင့် တိုင်းရင်းသား ဆိုင်ကယ်အငှါးသူများကို အနိုင်ကျင့်ပြီး ပြုလုပ်နေကြောင်း ကိုဇော်ဝင်းမောင် ပြောပြချက်အရ သိရသည်။

ထိုဘင်္ဂါလီကို ထိုသို့မပြုလုပ်ရန် ကိုဇော်ဝင်းမောင်နှင့် ဆိုက်ကယ်အဖွဲ့က ပြောပြရာ အဆိုပါ စစ်ဗိုလ်ကြီးကို သွားတိုင်ပြီး ဆိုင်ကယ်ဂိတ်သို့ အဆိုပါ ဘင်္ဂါလီနှင့်အတူ တပ်သားဆန်းမြင့်နှင့် အဆိုပါ ဗိုလ်ကြီးတို့လိုက်လာပြီး အဆိုပါဘင်္ဂလီက ကိုဇော်ဝင်းမောင်ကို လက်ညှိုးထိုးကာ ရိုက်နှက်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကိစ္စအား စကခ(၁၅)တပ်မမှူးကို တိုင်တန်းထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

ကိုဇော်ဝင်းမောင်မှာ အဆိုပါ ဒဏ်ရာဖြင့် ဖျားနာပြီး ဆေးကုသ ခံလျှက်ရှိကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်တွင် ရခိုင်လူမျိုးများမှာ (၁၀%)နှုန်းခန့်ရှိနေပြီး ဘင်္ဂါလီ အကြမ်းဖက်များ အမျိုးမျိုး ခြိမ်းခြောက်မှုများကြားတွင် ခက်ခက်ခဲခဲ ရုန်းကန်လုပ်စား နေကြရာတွင် ယခုလို စစ်တပ်နှင့် အာဏာပိုင်များသည်လည်း ဘင်္ဂါလီများနှင့် ပူးပေါင်းကာ ငွေယူ၍ ရခိုင်အပါအဝင်တိုင်းရင်းသားများကို မကြာခဏ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြခဏဆိုသလို တွေ့နေရကြောင်း ဒေသခံ တိုင်းရင်းသားများက သစ်ထူးလွင် ၀က်ဆိုက် အား ပြောကြားပါသည်။

BY THIT HTOO LWIN

မြန်မာ နိုင်ငံ အတွက် အလွန် အရေးကြီး တဲ့ အချက်ပါ ( ဖတ်ပြီး ရင်တော့ ရှယ်သွား ပေးပါ )


မြန်မာ နိုင်ငံ အတွက် အလွန် အရေးကြီး တဲ့ အချက်ပါ ( ဖတ်ပြီး ရင်တော့ ရှယ်သွား ပေးပါ )

မြန်မာ နိုင်ငံသား များ အချက် အလက် ကို ငွေ ၁၅၀၀ နဲ့ ၀ယ်ဖို့ လုပ်နေ တဲ့ OOREDOO

ဆက်သွယ်ရေး လုပ်ဖို့ ဖုန်းလိုင်း တစ်ခု သုံး ရင် တစ်ချို့ အချက် အလက် လိုတာ မှန်ပါတယ်။

၁။ ooredoo ဟာ ကာတာ အခြေစိုက် အစ္စလမ် company
၂။ ငွေကြေး အရ အနည်း ဆုံး ၁၀ နှစ် လောက် မြုပ်နှံပြီး မှ အရင်းရမဲ့ အခြေ အနေ။

သို့သော် အဓိ က ရည်ရွယ် ချက် က ငွေကြေး ထက် OIC အထောက် အပံ့နဲ့ မြန်မာ နိုင်ငံ ကို ပညာသား ပါပါ အစ္စလမ် နိုင်ငံ ဖြစ်အောင် သိမ်းယူ ရေး project ။

ကျွန်တော် ooredoo ရဲ့ form ပုံစံ ကို ထောက်ပြ ပါရစေ။ ကြည့်လိုက် ပါ။

ကျား / မ။ ဖုန်းသုံး မဲ့ သူ ကို ကျား/ မ သိဖို့ မလိုပါ။ ဒါလူတစ် ယောက်ရဲ့ pravite။

နောက် တစ်ချက်။ Email။ ဒီ ခေတ် မှာ email က လူ တစ်ယောက် ရဲ့ pravite အချက် အလက် ကို email ကနေ ကျွမ်းကျင် တဲ့ ဟက်ကာ တွေ က ခိုးယူတာ အမေရိကန် လို နိုင်ငံတောင် မကာကွယ် နိုင်သေး ဘူး။ မြန်မာ တွေ အချိတ်ဆက် ကို သူတို့ ဂျီဟတ် လုပ်ချင် တဲ့ အချိန် email ကနေ ၀င်ရောက် ထိမ်းချုပ်ပြီး သတင်း မှား တွေဖြန့် မယ်။ နေရာ အချိန်း အချက် အလွဲတွေ ပေးမယ်။ မြန်မာတွေ သေပြီ ဘာမှ လုပ်လို့ မရဘူး။ အခုခေတ် က လက်ရေး ကြည့်ပြီး လူခွဲခြား တဲ့ ခေတ် မဟုတ်။ အင်တာနက်မှာ ၅ တန်းကလေးလဲ ဒီပုံစံ tipe ပဲ။ Phd လဲ ဒီပုံစံ tipe ပဲ။

နောက် တစ်ချက် မြို့နယ်။ လိုင်းကြိုးဖုန်း လို အိမ်လာ ပြီး ပြင်ပေး ရမဲ့ ခေတ်မဟုတ်ဘူး။ ဖုန်း ကို သွားလေရာ ယူပြီး ပြင် လို့ ရတဲ့ခေတ်။

စဉ်းစား ပါ ဒီ form က "တယ်လီနော" လို နော်ဝေ အခြေ စိုက် company ဆို သံသယ ကင်းစွာ ဖြည့်ပေး နိုင်ပေမဲ့ ooredoo လို ကုလား အုပ် လို OIC အထောက် ပံ့နဲ့ ဂျီဟတ် အစိအစဉ် ရှေ့ပြေး မဟုတ်ဘူး လို့ ဘယ်သူမှ တာဝန် မခံ နိုင်ဘူး။

အစိုးရ ကတော့ သူတို့ အကျိုး အမြတ် ကြည့်ပြီး နိုင်ငံ ထဲ ခေါ်သွင်း လာပြီ။ အတိုက် အခံ nld ကလဲ အာရပ် အထောက် အပံ့ တစ်ချို့ကြောင့် ရေငုံ နုတ်ပိတ် နေတယ်။ ခံစရာရိုရင် ပြည်သူ သာ လည်စင်း ခံရမယ်။

ကျွန်တော် တို့ အချိန် ရှိ သေးတယ်။ အမေရိကန် က CIA လို အေးဂျင့် တောင် မလိုအပ်ရင် လူတစ်ယောက် ရဲ့ ကိုယ်ရေး ကိုယ်တာ ကို တောင်းခွင့် မရှိဘူး။ မြန်မာ တွေ "မအ " ကြ ပါနဲ့ အသက်ပါ ပေးဆပ် လိုက်ရ မယ်။

ဖုန်းတစ် လုံး ငွေ ၁၅၀၀ နဲ့ သုံး ရဖို့ အတွက် အရေးကြီး တဲ့ pravite ( ကိုယ်ရေး အချက် လက်) တွေကို တန်ဖိုးထား ကြပါလို့ သုံးသပ် မိပါ တယ်။

ကျွန်တော့် တစ်ယောက် ထဲ အမြင်ပါ။ လွတ်လပ်စွာ ကွဲလွဲ နိုင် ပါတယ်။

မောင် ( စွယ်စုံကျမ်း )

"တောသူဆိုတာ တကယ့်ကိုရိုးတယ်"

"တောသူဆိုတာ တကယ့်ကိုရိုးတယ်"
====================
အိမ်ဖော်ကောင်မလေးက ရိုးရိုးအေးအေးလေးနဲ့ တနေ့ကမှ
တော ကရောက်လာတာ
တစ်ရက်တော့... ...
သူဌေးလင်မယားရဲ့ အိပ်ခန်းကို သန့်ရှင်းရေး ဝင်လုပ်ပေး
နေရင်းနဲ့ သုံးပြီးသား ကွန်ဒုံတစ်ခု ကို တွေ့ပါလေရော. ...
တခါမှ မမြင်ဘူးတော့ ထူးထူးဆန်းဆန်းဖြစ်ပြီး အဲဒီကွန်ဒုံ
ကို ဖင်ပြန်ခေါင်းပြန် လှန်ပြီးကြည့်နေတယ်. ...

ဒါကို သူဌေးကတော်က တွေ့တော့ ငေါက်တော့တာပေါ့... ...
"ဟဲ့... စာဥ၊ အမ်မယ်... သေချာကြီး ကြည့်နေရအောင်
ညည်းတို့တောမှာရော လင်ယူသားမွေး မပြုကြဘူးလား"
ဒီတော့ စာဥက ပြန်ပြောတယ်... ...
"ပြုတော့ပြုတာပေါ့ အစ်မရယ်၊ ဒါပေမယ့် ဒီလို အရေခွံကြီး
ကျွတ်ထွက်လောက်အောင်ထိတော့ မသောင်းကျန်းဘူး"
"ဟင်..."
(ဆရာသန်၎ကို-ဘာသာပြန်သည်)

ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။



Tun Wai


ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတော့ ကျမတို့နိုင်ငံကို Burma လို့ သိကြပါတယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( BSP ) လက်ထက် ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များ ကာလအတွင်းလို့ ထင်ပါတယ် ..........နှစ်အတိအကျကိုတော့ ကျမ သိပ်မမှတ်မိပါဘူး.........ဒီလို မမှတ်မိတာကဘဲ ဒီကိစ္စကို ကျမ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေဘူး ဆိုတာ ပြနေတယ်လို့ ပြောရမှာပါ ဘဲ ။
အဲဒီနှစ်တွေ အတွင်းမှာထိလည်း ကျမတို့ဟာ Burma ဆိုတဲ့နာမည်နဲ့ ဆက်ရပ်တည်ခဲ့ပါတယ် ။

ဒါပေမယ့် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ........တစ်နေ့လည်းကျရော သတင်းစာတွေမှာ ကြေငြာလိုက်ပါတယ် ။ အဲဒီနေ့ အဲဒီရက်က စပြီ ကျမတို့ နိုင်ငံကို နိုင်ငံတကာမှာ Myanmar လို့ ခေါ်ရမယ် လို့ ပါ ။ Burma လို့ မခေါ်ရတော့ပါဘူး တဲ့ ။ ကျမ သိသလောက်တော့ ကြေငြာချက်က အစိုးရပိုင်ရေဒီယိုတွေမှာတော့ မပါဘူးလို့ သိရပါတယ် ။
ဒီလို နာမည်ပြောင်းမှုအတွက် တရားဝင်ထုတ်ပြန်ရှင်းပြချက်မှာ ပြောတာက Burma ဆိုတာ ကိုလိုနီတွေ ထွင်ခဲ့တဲ့ နာမည်ဖြစ်တာကြောင့်လို့ ဆိုပါတယ် ။ Myanmar ဆိုတာတော့ ကျမတို့က ကျမတို့နိုင်ငံကို ခေါ်တဲ့ မူရင်းနာမည်လို့ ဆိုပါတယ် ။

ဒါဟာ မဟုတ်ပါဘူး ။ ကျမ အစောပိုင်းတုန်းက ပြောခဲ့သလိုဘဲ Burma ဆိုတာ တိုင်းရင်းသားအများကြီး ပါဝင်တဲ့ နိုင်ငံပါ ။ ဗမာ ( Burmese ) ဆိုတာ အဲဒီအများကြီးထဲက တိုင်းရင်းသားတစ်မျိုးသာ ဖြစ်ပါတယ် ။ ဗမာဆိုတာကို စာတွေ ပေတွေထဲမှာ ရေးရင် Myanmar လို့ ရေးတတ်ကြပါတယ် ။ ဒီတော့ Myanmar ဆိုတာ Burmese လို့ ခေါ်တဲ့ လူဦးရေအများဆုံးတိုင်းရင်းသား တစ်ရပ်ရဲ့ literary name သာ ဖြစ်ပါတယ် ။ ကျမက ဗမာပါ ....သို့မဟုတ် မြန်မာပါ ။ ကျမ ဗမာစကားပြောရင် ကျမတို့ကို ကျမတို့ Burmese လို့ ဘယ်တော့မှ မရည်ညွှန်းဘဲ Myanmar လို့သာ ရည်ညွှန်းပြောဆိုပါတယ် ။

ဒီလိုဘဲ လူကြီးမင်းတို့လည်း အင်္ဂလိပ်စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုကြတဲ့အခါ ဂျာမန် ( German ) လို့ ရည်ညွန်းကြရပါတယ် ။ ဒွိုက်ရှ် Deutsch လို့ မရည်ညွှန်းကြပါဘူး ။ ဒါလုံးဝကို သဘာဝကျပါတယ် ။ ပြင်သစ်တွေဆိုရင်လည်း အင်္ဂလိပ်လိုပြောကြရင် သူတို့ကိုသူတို့ French လို့ ပြောကြပါတယ်......français လို့ မပြောကြပါဘူး ။ ဒီလိုဘဲ ကျမလည်း အင်္ဂလိပ်လိုပြောရင် ကျမတို့နိုင်ငံကို Burma လို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ် ။

ဒါပေမယ့် Myanmar ဆိုတဲ့ နာမည်ကို ကျမ ကန့်ကွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူ့ဆန္ဒ ဘယ်လိုရှိသလဲ ဆိုတာ မမေးဘဲ အတင်းအကျပ် ပြောင်းခဲ့လို့ပါဘဲ ။ တနည်းပြောရရင် လုံးဝ ဒီမိုကရေစီမကျတဲ့နည်းနဲ့ ပေးခဲ့တဲ့ နာမည်မို့လို့ပါဘဲ ။ ကျမတို့ကို ဒီနာမည်နဲ့ ကမ္ဘာက သိရမယ် ဆိုပြီး အာဏာလက်ဝယ်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ ။ ဒါကြောင့် ကျမက ကျမတို့နိုင်ငံကို Burma လို့ ဆက်လက်ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင် Burma လို့ ခေါ်မလား ၊ Myanmar လို့ခေါ်မလားဆိုတာ လူကြီးမင်းတို့အနေနဲ့ မိမိဘာသာ ဆုံးဖြတ်လို့ ရပါတယ် ။

ကျမအတွက်တော့ နှစ်ခုလုံးကို လက်ခံလို့ ရပါတယ် .......ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ခေါ်မယ် ၊ တစ်စုံတစ်ယောက်က ဒီနာမည်ကို ခေါ်ရမယ် လို့ အတင်းအကြပ်ခိုင်းလို့ ခေါ်ရတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့လေ ။

Spring Flowers
ပြန်လည်မျှဝေပေးပါတယ်။
12.4.2014

စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ

စီးပွား သင်္ကြန် မဏ္ဍာပ် ပေါ်က ဖျော်ဖြေခံ အကသမလေးများက ထိုင်းမမို့ ဖင်ပေါ်တာပေါ့၊ ဖင်ပေါ်ပါစေ ဆိုတဲ့ အတွေးအခေါ်မျိုး ဟာ စင်ပေါ်တက် ဖင် မပေါ့်ပေါ်အောင် က နေရရှာတဲ့ အကြောင်းကို မျက်ကွယ်ပြု ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် အပြစ်ဆိုချင်သူများ နဲ့ အဆင့်တူပဲ။  ဒါမျိုးက မှ လူမျိုးရေး အမြင်မို့ ပိုဆိုးတယ် ဆိုရမယ်၊ မြန်မာမ ဆို မပေါ်ဘူး ဆိုတဲ့ သဘောပေါ့။  ပက်ပုန်း မှာ ရာဇဝင်ကြွေး ဆပ်ချင်တဲ့ မြန်မာ သင်္ဘောသား ပုံပြင် မကြားဖူးကြဘူး ထင်တယ်၊ “အမလေးတော့်” နဲ့ တွေ့ဖူးမှ စာနာတတ်မယ် ထင်ပါ့။

ဒီမယ်.. မြန်မာ ဖြစ်ဖြစ်၊ ထိုင်းမ ဖြစ်ဖြစ် စီးပွား ဘီလူး၊ ရာဂ ဘီလူး၊ ကာမ ဘီလူး ကြီးများ အတွက် အသုံးချခံ အဖြစ် လူသား ဂုဏ်သိက္ခာ ကိုချနင်း ဖင်ပေါ် အောင် ကနေရခြင်း ဟာ စာနာ ထောက်ထား နားလည် ခံစား ပေးရမယ့် ကိစ္စ ဖြစ်တယ်။  ဒါဟာ လူသား ကျင့်ဝတ်၊ သိက္ခာ၊ ယဉ်ကျေးမှု ချို့တဲ့မှု ပြဿနာ ဖြစ်တယ်။  လူ့ ဂုဏ်သိက္ခာ ကို ချ စတေး ကာ စီးပွားရှာ ဝမ်းကြောင်းရတဲ့ အရင်းရှင် စီးပွားရေး စနစ်ဆိုး ရဲ့ သရုပ် ဖြစ်တယ်။  တိုင်းပြည် မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင် စနစ် ကို ပုံပေါ်စေတဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်။

ခင်ဗျား က အခုမှ ရိုးရာ လိုလို၊ ယဉ်ကျေးမှု လိုလို ရာသီစာ မကျက်တကျက် အမြင်မှာမှ တဏှာ စိတ် အခံနဲ့ ထပ်ကြည့်တော့ ဖင်ပေါ်တာကို မြင်တယ်။  တကယ်တော့ စနစ်ဆိုး မှာ အလိုက်အထိုက် ကျင်လည် ကျက်စား ရုန်းကန် ရှင်သန်ရင်း ခင်ဗျား ကိုယ်တိုင် လိပ်ပြာ ဖင်ပေါ်နေပြီး ဖြစ်တယ်။

ဒီ စနစ်ဆိုးကို တချို့က အရှက်ဖင်ပေါ်ရင်း  ခါးစည်းခံ ဖြတ်သန်းရတယ်၊ တချို့ကျ သီလကျင့်ဝတ် ဖင်ပေါ်ရင်း အသက်ဆက်ရတယ်၊ တချို့ကျ လူသား အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ ဆုံးရှုံးခံ ဖင်ပေါ်ရင်း အံကြိတ် ကျော်လွှားရတယ်။

ဒီလိုနဲ့ စနစ်ခံ လူသာမန် အများဟာ လူသား ပီသမှု တရားတွေ၊ အကျင့်တွေ ကို လမ်းခင်းကာ သီလ အောက်စလွတ် ဖင်ပေါ်ရင်း ဘဝ လမ်းကြောင်း ထမင်းအိုးတည်နေရတယ်။

ကာရာအိုကေ စင်တင်၊ အနှိပ်ခန်း၊ သင်္ကြန် စီးပွား ကြော်ငြာ စင်မြင့် ထက်က အမျိုးသမီး ငယ် ဖြစ်ဖြစ်၊ လူသား သိက္ခာ၊ အခွင့် အရေး၊ လွတ်လပ်မှု ကို မျက်ကွယ်ပြု တိုင်းတပါး မှာ၊ မွေးရပ်မြေမှာ “ငါတို့က ပညာနဲ့ ဝမ်းစာရှာတာကွ” ဆိုပြီး ကိုယ့်ဘာသာ အားတင်း ဆိုရတဲ့ ပညာတတ် လူတန်းစား ဖြစ်ဖြစ်၊ အရောင်း၊ အဝယ် စီးပွားလုပ်ကိုင် ရှာစားရတဲ့ အလယ်အလတ်တန်းစား ဖြစ်ဖြစ်၊ ခိုးစားမှ နပ်မှန်ပါတယ် ဆိုတဲ့ အခြေခံ အလုပ်သမား လူတန်းစား ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းရဲ့ လူအများစု ဟာ စနစ်ဆိုး က ထုဆစ် သွန်းထုတ်လိုက်တဲ့ အကျင့်၊ စာရိတ္တ၊ လူ့ ဂုဏ် သိက္ခာ၊ လွတ်လပ် တရားမျှတမှု ပဲ့ရွဲ့ နေတဲ့ ဒင်္ဂါးပြား တချပ် ရဲ့ ကျောချင်းကပ် မျက်နှာစာ နှစ်ဖက်၊ ခေါင်း နဲ့ ပန်း အတူတူ သာ ဖြစ်တယ်။

စနစ်ဆိုးရဲ့ သားကောင် ဖင်ပေါ်ခံ ဟာ စင်မြင့်ထက် က မိန်းကလေး မှ မဟုတ်၊ ခင်ဗျားလည်း ဖြစ်တယ်၊ ကျနော်လည်း ဖြစ်တယ်။

ခင်ဗျား က စနစ်စံ ထဲက တယောက် ဖြစ်တယ် ဆိုရင်လည်း လူ့အဖွဲ့အစည်း ရဲ့ ဆီဦးထောပတ် ကို စုပ်ယူ လူသား မျက်ရည်၊ သွေး၊ ချွေး ကို စတေးကာ မိုက်ရိုင်းရင်း ထွားကျိုင်းလာခဲ့သူ ဖြစ်လို့ လူသား ဂုဏ်သိက္ခာ ဟာ သုည အဆင့် ကျ ပြီး ဖြစ်တယ်။

ခင်ဗျား ဟာ ကိုယ်ကျိုး စီးပွား  အတွက် မိန်းကလေး ငယ်များကို ဖင်ပေါ် အောင် ခေါ် က ခိုင်း နိုင်တယ်၊ တဏှာ ရာဂ အတွက် ဖင်ဖေါ် စေနိုင်တယ်၊ စီးပွား ဖြစ်မှု အလို့ငှာ ပညာတတ် လူငယ်များကို ခေါ် ဂုဏ်သိက္ခာ လိပ်ပြာ ဖင်ပေါ်အောင် ပြု ခိုင်းနိုင်တယ်။  ဒါပေမယ့် ခင်ဗျား ရဲ့ လူသား အရည်အသွေး၊ လူသား ဂုဏ်ရည်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ကတော့ ဖင်ပေါ်ရုံမက ကိုယ်လုံးတီး ဖြစ်နေပြီး ဖြစ်တယ်။

ဒီလို လူတန်းစားထဲက တယောက်ဟာ အခု လို စနစ်ဆိုးကို အလျားလိုက် ကူးနေရရှာတဲ့ ဖင်ပေါ်ခံ မိန်းကလေး ငယ်များ ကို ယဉ်ကျေးမှု မရှိသူ လို့ ဆိုရင် ပုဆိုး မပါတဲ့ သူက သူများကို သွား အောက်စလွတ်နေကြောင်း ပြော၊ လုံအောင် ထိုင်ခိုင်းနေသလိုပဲ ဖြစ်မယ်။  စနစ်ဆိုးစံ အားလုံးဟာ လူသားတဦးမှာ ရှိရမယ့် ကျင့်ဝတ်၊ သီလ၊ ယဉ်ကျေးမှု အားလုံး ပျက်ယွင်းပြီးမို့ ဒါမျိုးထက် ပို ယဉ်ကျေးမှု မရှိသူ၊ ရိုင်းသူ၊ လူသား မပီသသူ မရှိပါ။

ဒါမျိုးကမှ တကယ့် ယဉ်ကျေးမှု မရှိသူ လို့ သတ်မှတ်ရမှာပါ။

အလားတူပဲ အမှောင်ခန်းမှာ၊ အခု စက်မြင့်ထက်မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖင်ပေါ်နေရသူ များ ကို စာနာ ထောက်ထား မှု မပေးနိုင်၊ နောက်ခံ စနစ်ကို မြင်ကြည့် အဖြေ မရှာနိုင်ဘဲ ယဉ်ကျေးမှု လမ်းကြောင်းချ နှမချင်း မစာနာ ဆိုနေသူများ ရဲ့ လူသား ပီသ၊ ယဉ်ကျေးမှု (Human Decency) ရေချိန်ဟာလည်း သုည နီးနီးပါပဲ။

ကိုယ်တိုင် စနစ်ခံ ရင်း လိပ်ပြာ ဖင်ပေါ် နေရတာကိုကျ မမြင်နိုင်ဘူး။  စနစ်ဆိုးရဲ့ သားကောင် ဘဝတူ အမျိုးသမီးငယ်များ ဖင်ပေါ်တာကို ပဲ သွားရည် တများများ သွားကြည့်၊ ရုပ်သေ၊ ရုပ်ရှင် ရိုက်၊ ဖြန့်၊ (ဖြန့်တဲ့ အထဲမှာ ခေတ်ကို ဦးဆောင်ရတဲ့ သတင်းသမား၊ စာရေးဆရာ၊ ကာတွန်း ဆရာ ဆိုသူများ ပါတော့ အံ့သြ၊ တုန်လှုပ်မိပါရဲ့)၊ ပြန် ကြည့်သူများက လည်း မျက်စိ အရသာခံကြည့်၊ ပါးစပ် အရသာခံ ပြော၊ စနစ်ကို စစ်နိုင်တဲ့၊ အကြောင်းကို ရှာနိုင်တဲ့ အမြင် မရှိ၊ သူများ ဘဝတွေကို စာနာ၊ နားလည် မျှဝေ ခံစား ပေးနိုင်တဲ့ နှလုံး မကျယ် မကြီး တော့ ဆီသည်မလက်သုတ် ရိုးရာ၊ ယဉ်ကျေးမှု ကိုပဲ လမ်းကြောင်း ဇောင်းပေး ဆိုနေသူများ အားလုံး ဟာလည်း လူ့ယဉ်ကျေးမှု မရှိသူများပဲ ဖြစ်တယ်။

ဒီလို စနစ်ဆိုး လူ့ အဖွဲ့အစည်း က ပုံဖော်ပေးလိုက်တဲ့ စနစ်စံ သီလ ကျိုးပျက် ဖင်ပေါ်ခံများ၊ စနစ်ခံ လွတ်လပ်မှု ဂုဏ်သိက္ခာ မဲ့ ဖင်ပေါ်ခံများ ကြီးစိုးနေတဲ့ ဗမာပြည်မှာ လူသား တရားမဲ့၊ လူသား ယဉ်ကျေးမှု မရှိ၊ ပျက်ယွင်း အားနည်းနေခြင်းဟာ အဆန်းမဟုတ်ဘူး။

ယဉ်ကျေးမှု မရှိလို့ စနစ်စံ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တစု ဟာ ကိုယ်ကျိုး အာဏာ၊ စီးပွား အလို့ငှာ လူသား အချင်းချင်း စစ်ပြု၊ နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်၊ မြေသိမ်း၊ ယာသိမ်း၊ ဘုရားဖျက်၊ ကျောင်းလု လုပ်နေကြတာပေါ့။

ယဉ်ကျေးမှု မရှိလို့ စနစ်ခံ လူအများကလည်း လူကို လူလို မမြင်နိုင် လူမျိုး၊ ဘာသာ မတူတာနဲ့ပဲ အပြစ်မြင်၊ သည်းမခံနိုင်၊ အမုန်းပွား၊ ရန်ငြိုးထား၊ သတ်ချင် ဖြတ်ချင် ရှိနေတာပေါ့။  အခုပဲ ကြည့်ပါလား၊ ဒီလို လူတွေပဲ နို့ပေါ်၊ ဖင်ပေါ် တာကို မြန်မာ မ ဟုတ်/မဟုတ် ငြင်းရင်း စိတ်ဖြေရာရှာနေကြတာ။  လူမျိုးရေး အမြင် ဘယ်လောက် ရှိ၊ ပြင်းမလဲ ဆိုတာ ခန့်မှန်းနိုင်တယ်။

တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ရေချိန်ဟာ ကြီးစိုးတဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ဆိုး ကို ပုံဖော် လမ်းကြောင်းပေးမှု အတိုင်း ဝမ်းနည်းဖွယ် ကျဆင်း ခဲ့ရတယ်၊ လူသား မပီသသူ၊ မယဉ်ကျေးသူ၊ တင်းပြည့်ကျပ်ပြည့် လူသား အတွေးအခေါ်၊ အမြင်၊ နှလုံးသား မဲ့၊ ချို့ငဲ့ နေတဲ့ လူအများသာ လူ့အဖွဲ့အစည်းမှာ စိုးရိပ်ဖွယ် တိုးပွားလာခဲ့ရတယ်။

ဖျော်ဖြေရေး စင်မြင့် က အကသမလေး ဖင်ပေါ်တာလောက် ပဲ မြင်နိုင်စွမ်းပြီး သမားရိုးကျ ယဉ်ကျေးမှု၊ ရိုးရာ ခေါင်းစီးတပ်ချင်တဲ့ သဘောလောက်နဲ့တော့ (၂၁) ရာစု ပေမီဒေါက်မီ ယဉ်ကျေး၊ လူပီသတဲ့ လူ့အဖွဲ့အစည်း ကို မတည်ထောင်နိုင်ပါ။  သမားရိုးကျ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်ရင်လည်း အရင် လူသား တဦးမှာ ရှိရမယ့် အခြေခံ လူ့ယဉ်ကျေးမှု၊ လူ့ ကျင့်ဝတ်၊ လူ့တန်ဖိုး တွေကို မြှင့်တင်ရမှာပါ။

တိုင်းပြည်မှာ လူသား ယဉ်ကျေးမှု ထွန်းကားချင်သလား၊ လူယဉ်ကျေးများ များပြား စေချင်သလား၊ နောင်ခံ စနစ်အဖွဲ့အစည်း ကို အပြစ်ရှာ ထောက်ပြ၊ ဝေဖန် တော်လှန် ရမှာပါ။  ခုလောလောဆယ်မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ် ခရိုနီ အရင်းရှင် စနစ်ကို အရင် မျိုးပြုတ်အောင် တိုက်ဖို့ အရင် ဇောင်းပေး ရပါမယ်၊ တိုင်းပြည်မှာ လူမှု-စီးပွား တရားမျှတမှု တပြေးညီ ရအောင် အရင် ဖော်ဆောင် ရပါမယ်၊ ဇာတိ နောက်ခံ၊ လူမှု အတန်းအလွှာ၊ လူမျိုး၊ ဘာသာ မခွဲ လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင်၊ စားသောက် ဘဝ ရပ်တည်နိုင်ခွင့် ရှိဖို့ ကြိုးစားရပါမယ်။

လူသာမန် လူတဦးချင်း အနေနဲ့ အရင်ဆုံး အလုပ်သင့်ဆုံး၊ အလုပ်နိုင်ဆုံးကတော့ “စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ” စာရင်းမှာ ငါလည်း ပါ ပါ့လား ဆိုတဲ့ အခြေခံ သဘောကို သိမြင်ကာ ကိုယ့်ထက် ပို လူသား ဂုဏ်သိက္ခာ ကို ချနင်း ကံအကြောင်းမလှစွာနဲ့ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ နို့ပိန် ပျဉ်းတွဲ ခေတ်စနစ်ဆိုးရဲ့ နို့ဆို့ဖက်၊ ဖွားဖက်တော် ဘဝတူများကို ပိုမို စာနာ နားလည်၊ ခံစား ပေးကာ လူသား အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ် လူပီသမှု တရား တိုးပွားဖို့ ကြံဆောင်ခြင်းပါပဲ။

ဒီ့ အတွက် စနစ်ဆိုး ရဲ့ သားကောင် ဖင်ပေါ်ခံ စာဖတ်သူ ခင်ဗျား နဲ့ စာရေးသူ ကျနော့် မှာ ကျင့်ဝတ် တာဝန် ရှိကြောင်းပါ။

ငြိမ်းချမ်းအေး / မိုးမခမီဒီယာ

ဧပြီ ၁၄၊ ၂၀၁၄

အကျဉ်းဦးစီးဌာန၏ ဒုတိယအကြီးအကဲ ဒေသစာရီခရီးစဉ်ရဲ့ (ကုသိုလ်/အကုသိုလ်)


ယနေ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည်တွင် အကျဉ်းဦးစီးဌာန၏ ဒုတိယအကြီးအကဲ ဖြစ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မန္တလေးတိုင်းသို့ ကန်တော့ခံ ဒေသစာရီ ကြွချီလာမည် ဖြစ်ပါသောကြောင့် လုပ်ပိုင်ခွင့်နည်း၊ ခံစားခွင့်လစာနည်း၊ နိုင်ငံတော်မှ ပေးအပ်ထားသော facility နည်း၊ လူကြီးများ၏ခိုင်းဖတ် အောက်ခြေ၀န်ထမ်းများထံမှ မပေးမနေရ(ဟိုပြောင်းမည်/ ဒီရွှေ့မည်)စနစ်ဖြင့် ၀န်ထမ်းတစ်ဦးလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀)တိတိနှင့် အရာရှိအဆင့်ကို နှစ်သိန်းကျပ် (၂၀၀၀၀၀)တိတိ အဖြစ် သတ်မှတ် ကောက်ခံနေပါသည်။

မေးစရာရှိပါသည် ၄င်း ဒုတိယညွှန်ကြားရေးမှူးချုပ်သည် လစာမလောက်လို့ပါလော၊ ရိုသေလေးစားလို့ ကန်တော့ပါလျှင်လဲ လက်အုပ်ချီကန်တော့လို့မရပါ၏လော၊ စေတနာရှိသလောက်ဆိုကြားကောင်းပါသေး၏။ သို့ပေမယ့် ကျွန်တော့လို ထားရာနေစေရာသွား အဆင့်သာသာ နေရာပေးခံရခြင်းမရှိသော ကြီးကြပ်ရေးမှူးရာထူးမှာ နိုင်ငံတော်မှပေးသောလစာလေး တစ်သိန်းကျော်ကျော်လောက်ဖြင့် မိသားစု ခြောက်ယောက်ကိုကျွေးမွေးနေရသူဖြစ်သည့်အတွက် အကျင့်ပျက်ချစား၊ အဂတိလိုက်စား၊ အကျဉ်းသားများအပေါ်အနိုင့်ကျင့် ငွေညစ်ပါမှ ပေးနိုင်တော့မည်ဖြစ်ပါသည်။

သို့ပေမယ့် ကျွန်တော်လည်း ၄င်းနေရာမျိုးကိုရထားသည်မဟုတ်၊ ဟုတ်လင့်ကစား လုပ်လိမ့်မည်မဟုတ်ပေ။ နယ်တွင်တာဝန်ထမ်းဆောင်ရသော ကျွန်တော်များမှာ မန္တလေးလို ဗဟိုထောင်မျိုးတွင်တာဝန်ထမ်းဆောင်ရန် လူကြီးကိုငွေများများပေးနိုင်မှသာ ပြောင်းရွှေ့ခွင့်ပေးခြင်းဖြစ်ပါသည်။

ပြောရမည်ဆိုလျှင် ကျွန်တော်ပြောင်းဖို့အတွက် ဇနီးသည်အမွေရထားသော အိမ်ယာကွက်နှင့် လယ် ၅ဧက ကိုရောင်းချပြီး အရင်းတည်ခဲ့ရပါတယ်။ ရည်ရွယ်ချက်ကတော့ လုပ်ငန်းအတွေ့အကြုံရရန်ဖြစ်ပါတယ်။ သို့ပေမဲ့ခုတော့ နိုင်ငံတော်က ပေးထားသောလစာနှင့် မိသားစုလောက်အောင် အသီးအရွက်သာကြော်စားနေရသော ကျွန်တော်တို့ မိသားစု စားစရာမရှိ လျှော်စရာရှိဆိုသလိုမျိုး ဌာနကြီးတစ်ခုလုံးရဲ့ ဒုတိယအကြီးအကဲက နေပြည်တော်တွင် ငတ်ပြတ်နေသောကြောင့်လားတော့မသိ။ ခုတော့ကျွန်တော့ ကျွန်တော့သမီးလေးတွင်ဆင်ပေးထားသော ဆွဲကြိုးလေးကို ရင်နင့်စွာဖြင့် ရောင်းချပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ပူဇော်ပသလိုက်ရပါတော့သည်။ လက်ကျန်ဖြတ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ကျွန်တော်တို့လင်မယား ကျန်းမာရေးပျက်တာတောင် ခွင့်လဲမရ၊ နားရက်ကလဲ ILO ရဲ့ Standard နဲ့ ကိုက်ညီမှုမရှိ၊ တာဝန်ကလဲ ၂၄ နာရီ၊ စစ်တပ်ကလို မိုးကျရွှေကိုယ်တွေက လမ်းပိတ်နေလို့ ရာထူးထပ်တက်စရာအကန့်ကလဲ ကမ်းမမြင်လမ်းမမြင်၊ သြော်အကျဉ်းဦးစီးဌာနကလဲ တကယ့်ဝန်ထမ်းအကျဉ်းထောင်ပါပဲ။

ဝန်ထမ်းအကျဉ်းသားဘ၀မှာ ၂၄နာရီ တာဝန်ထမ်းနေရလို့ အပြင်လုပ်ငန်းကလဲမလုပ်နိုင်တော့ ကြားဝင်ငွေကမရှိနဲ့ ချိနဲ့စွာဖြတ်သန်းနေကြရသော ကျွန်တော်တို့လို ၀န်ထမ်းငယ်တွေရဲ့ကိုယ်စား ပြည်သူလူထုနဲ့ နိုင်ငံတော်သမ္မတကြီးအား ခံစားနားလည်ပေးနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်။ စိစစ်ပေးမည်ဟုတ် တထစ်ချယုံကြည့်ပါသည်။ မန္တလေးထောင် ဖုန်းနံပါတ် 02-33370 သို့စုံစမ်းစိစစ်နိုင်ပါကြောင်း....

အကျဉ်းဦးစီးဌာန ၀န်ထမ်းတစ်ဦး (မန္တလေး)

BY THIT HTOO LWIN

''ခရိုနီတွေ ၀ါးမျိုသွားတဲ့ မန္တလေးက ဥယျာဉ်များ''

 
''ခရိုနီတွေ ၀ါးမျိုသွားတဲ့ မန္တလေးက ဥယျာဉ်များ''

ပြီးခဲ့တဲ့ အပတ်က “သတိ - ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မကျူးကျော်ရ”ဆိုပြီး စစ်တပ်တွေ တပ်ဆွဲပြီး သိမ်းထားတဲ့ မန္တလေးမြို့က နန်းတော်ကြီးကို အများပြည်သူ အနားယူ အပန်းဖြေ လေ့လာစရာ နေရာအဖြစ် ပြန်လည် ပြုလုပ်ကြဖို့ ဆောင်းပါးလေး ရေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်မိတဲ့ မန္တလေးသား တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အစ်ကိုရေ၊ မန္တလေးက သမိုင်းဝင် ယဉ်ကျေးမှု နေရာတွေ အများ ပြည်သူတွေ အနားယူ အပန်းဖြေဖို့ နေရာတွေကို အုပ်ချုပ်သူ အာဏာပိုင်တွေက အသိဉာဏ်မဲ့စွာ လုပ်ဆောင်ခဲ့လို့ ပျက်စီးပျောက်ကွယ် ခဲ့ရတဲ့ အကြောင်းလေး ရေးစမ်းပါ ဦးဗျာတဲ့...

သူပြောတာ သေချာစဉ်းစား ကြည့်မှပဲ ဟုတ်သားပဲဗျ။ ကျွန်တော်တို့ မြို့သူမြို့သား အခြေခံ လူတန်းစားတွေ အခမဲ့ အနားယူ အပန်းဖြေနိုင်တဲ့ နေရာတွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပရာ လူထု ကွင်းကြီးတွေ လုံးဝ မရှိတော့တာ စဉ်းစားမိတယ်ဗျ...

ကျွန်တော်တို့ မန္တလေးမြို့ ဆိုတာက ဟိုအရင်တုန်းကဆိုရင် လည်ပတ် လေ့လာစရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ၊ လူထု အပန်းဖြေ အနားယူစရာ ဥယျာဉ်တွေ၊ ပွဲလမ်း သဘင်တွေ ကျင်းပတဲ့ လူထုကွင်းပြင်ကြီးတွေ အင်မတန် ပေါများတဲ့မြို့ဗျ။ ရတနာ ပုံမန္တလေးမြို့ကို တည်ထားခဲ့တဲ့ မင်းတုန်းဘုရင် ဆိုရင် သူ့ပြည်သူပြည်သားတွေအတွက် ဥယျာဉ် ၂၀တောင် တည်ဆောက်ခဲ့တာ။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက်ကျမှ ဒီယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ်တွေ ဥယျာဉ် ပန်းခြံတွေက မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ ၀ါးမျိုဖျက်စီး ခံလိုက်ရတာပဲ။ အရင်က အိမ်ဝန်း ခြံဝန်းကြီးတွေနဲ့ စိမ်းစိုသာယာတဲ့ ဥယျာဉ်မြို့တော်ကြီးဟာ အခုဆိုရင် ခြောက်သွေ့ပူပြင်းပြီး နေလို့ ပျော်စရာ မကောင်းတဲ့ ကွန်ကရစ်မြို့ကြီး ဖြစ်သွားပါပြီ။ ဟိုး အရင်တုန်းကဆို မန္တလေး တောင်ခြေ၊ ကျုံးမြောက်ဘက်မှာ ရဟန်းရှင်လူ၊ မြို့ခံလူထုကြီး စုဝေး ပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီး ဆိုပြီး ရှိပါတယ်။ ထိုကွင်းထဲမှာပဲ မန္တလေးမြို့တည် နှစ်တစ်ရာပြည့်ပွဲကို ကျင်းပခဲ့လို့ မန်းရာပြည့်ကွင်းလို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီကွင်းထဲမှာ ပြည်ထောင်စုနေ့လို လူထု အစည်းအဝေးပွဲတွေ၊ လွတ်လပ်ရေးပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပကြပါတယ်။ မန္တလေးမှာ ဘာပွဲလမ်း သဘင်လုပ်လုပ် အဲဒီ ကွင်းကြီးထဲမှာပဲ ကျင်းပခဲ့ပါတယ်။ မန္တလေးရဲ့ ပြည်သူ့ ရင်ပြင်ကြီးလို့တောင် ပြောလို့ ရပါတယ်။

စစ်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်မှာတော့ အဲဒီ မန်းရာပြည့် ကွင်းကြီးကို အစိုးရက ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့လို့ မန်းရာပြည့်ကွင်းကြီး ပျောက်ကွယ် ခဲ့ရပါတယ်။ ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့ပေမဲ့လည်း မြို့နေလူထု အတွက် အပန်းဖြေ အနားယူနိုင်တဲ့ နေရာ အစစ်အမှန် မဖြစ်ခဲ့ပါဘူး။

အခုချိန်မှာဆိုရင် တိရစ္ဆာန် ဥယျာဉ်ကြီးကို စီးပွားရေး လုပ်ငန် ရှင်တစ်ဦး လက်ထဲ လွှဲအပ်လိုက်တော့ ပိုဆိုးသွားခဲ့ပါတယ်။ ၀င်ကြေး တစ်ယောက်တစ်ထောင် သတ်မှတ်လိုက်တော့ မိသားစု ငါးယောက် သွားလည်ရင် ငါးထောင် ကုန်ကြမှာဆိုတော့ အခြေခံ လူတန်းစားတွေ အနား မကပ်နိုင်တော့ပါဘူး။ ၁၉၅၄ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရဲ့ နာမည်ကြီး အနားယူ အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ မန်းသီတာ ဥယျာဉ်ဟာလည်း ၁၉၉၃ ခုနှစ်မှာ ကျုံးကြီး ပြန်လည် တူးဖော် ပြုပြင်တာကနေ ဖျက်သိမ်းပစ်ခဲ့ လိုက်ပါတယ်။ နောက်နန်းတွင်း ထဲမှာရှိတဲ့ မြိုင်ဟေ၀န် ဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်များ ဟာလည်း နန်းတွင်းကို အများ ပြည်သူ ၀င်ထွက်ခွင့် တင်းကြပ် လိုက်တာကနေ မှေးမှိန် ပျောက်ကွယ် ခဲ့ရပြန်ပါတယ်။

မန္တလေးမြို့ပြ ဖွံ့ဖြိုးလာတော့ ၃၅လမ်း တောင်ဘက်နဲ့ မြောက်ဘက်မှာမှာရှိတဲ့ ဂေါ်ရာသင်္ချိုင်း တွေကို မြို့ပြင် ထုတ်လိုက်တော့လည်း ၃၅လမ်း တောင်ဘက်မှာ ရှိတဲ့ မြေနေရာကို ဘောလုံးကွင်း လုပ်ခဲ့ပြီး မြောက်ဘက်မှာရှိတဲ့ မြေကွက်လပ်ကို မန်းမန္တလာ ဥယျာဉ် အဖြစ် လုပ်ခဲ့ပါသေးတယ်။ အခုတော့ မန်းမန္တလာ ဥယျာဉ်ကို ဖျက်သိမ်းပြီး အကွက်တွေရိုက် လုံးချင်းအိမ်ရာတွေ အဖြစ် ပြောင်းလဲ ပစ်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်လောက်မှာ မြို့တောင်ဘက်၊ သိပ္ပံလမ်းနဲ့ ရန်ကုန် မန္တလေး လမ်းထောင့်မှာရှိတဲ့ ဆင်ဖြူကန် သင်္ချိုင်းကို ဖျက်သိမ်းပြီး အဲဒီနေရာကို ပွဲလမ်း သဘင်တွေ ကျင်းပရာ နေရာအဖြစ် ပြုလုပ် ခဲ့ပါတယ်။ အဲဒီကွင်းထဲမှာပဲ အထက် မြန်မာပြည် နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲတွေ၊ ပန်းဆယ်မျိုး ပြပွဲ ပြိုင်ပွဲတွေ၊ သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲတွေစတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာပါ။

မန်းရာပြည့်ကွင်းကြီး မရှိတော့တဲ့ နောက်ပိုင်း မန္တလေးမြို့ရဲ့ ဒုတိယ လူထု ရင်ပြင်ကွင်းကြီး တစ်ခုလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဆင်ဖြူကန် ကွင်းကြီးဟာလည်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စည်ပင်သာယာ အာဏာရှိတွေ ပေါင်းပြီး စင်တင် တေးဂီတတွေဖွင့်၊ စားသောက်ဆိုင်တွေဖွင့်၊ ဂေါက်သီး လေ့ကျင့်ရေးကွင်းတွေ၊ ကားမောင်းသင်ကွင်းတွေ ဖွင့်ဖို့ ငှားရမ်းလိုက်လို့ ပျောက်ကွယ် ခဲ့ရပါတယ်။

မန္တလေးသူ မန္တလေးသားတွေ အားလုံး ပိုင်ဆိုင်တဲ့ ဒီကွင်းကြီးကို ကိုယ့်အကျိုးစီးပွား အတွက် အမြော်အမြင် ကင်းမဲ့စွာ လုပ်ဆောင်ခဲ့တဲ့ တာဝန်ရှိ လူကြီးမင်းတွေကိုလည်း တော်တော် အံ့သြမိပါတယ်။ မန္တလေးမြို့ အတွက် တစ်ခုတည်းသော ကျန်ခဲ့တဲ့ ဒီဆင်ဖြူကန် ကွင်းကြီးကို အများပြည်သူတွေ အတွက် ပြန်လည် အသုံးပြုနိုင်ဖို့ မန္တလေးရဲ့ ပြည်သူ့ ရင်ပြင် အဖြစ် ထားရှိနိုင်ဖို့ အထူးတောင်းဆို လိုပါတယ်။

မန္တလေးမြို့ အနောက်တောင် ဘက်မှာရှိတဲ့ တက်သေးအင်းကို မန္တလေး ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းခဲ့ပေမယ့် အင်းထဲမှာ ငါးမွေးမြူရေး လုပ်ငန်းတွေလုပ်ကြ၊ စားသောက်ဆိုင်တွေ၊ စင်တင် တေးဂီတတွေ၊ ကာရာအိုကေဆိုင်တွေ၊ ကော်ဖီဆိုင်တွေ အဖြစ် ဖွင့်လှစ်ခဲ့တာကြောင့် လူအများစု ဖြစ်တဲ့ အခြေခံ လူတန်းစား မြို့နေလူထု အတွက် အပန်းဖြေ နေရာ မဖြစ်ခဲ့ဘဲ လူကုံတန်တွေ အတွက် ပျော်ရွှင် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်နေပါတယ်။ အဲဒီလို အရင်က မင်းတုန်းမင်း လက်ထက်မှာ တည်ခဲ့တဲ့ ၆၂လမ်းမပေါ်က မနောရမံ ဥယျာဉ်ဟာလည်း အခပေး ဂိမ်းကစားကွင်း ဖြစ်သွားခဲ့ပါတယ်။

တော်သေးတာပေါ့ဗျာ။ ကျွန်တော်တို့ မြို့သူ၊ မြို့သားတွေ မဟာမြတ်မုနိဘုရားတောင် ပိုက်ဆံမပေးဘဲ ဖူးမျှော်ခွင့်ရနေတာ ကံကောင်းနေပြီလို့ အောက်မေ့ရမှာပဲဗျ။

ဒီလို ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အခမဲ့ လူထု အပန်းဖြေ ဥယျာဉ်တွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ လူထုကွင်းကြီးတွေ ကွယ်ပျောက် ခဲ့ရတာဟာ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကြောင့် လုံးဝ မဟုတ်ဘူးဗျ။ စစ်အစိုးရ လက်ထက် ခေတ်အဆက်ဆက် မန္တလေးကို အုပ်ချုပ်ခဲ့တဲ့ မန္တလေးသားတွေ မဟုတ်တဲ့ အာဏာပိုင် လူကြီးတွေ၊ မြို့တော်ဝန်တွေက မြို့နေလူထု အတွက် မကြည့်ဘဲ လာဘ်လာဘနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ပြီး ပေါက်ဖော်ကြီးတွေနဲ့တွဲပြီး အကျိုးတူပေါင်းစားနေတဲ့ လုပ်ပိုင်ခွင့်ရ အချောင်သမားတွေကြောင့် ချောက်ခြားဖွယ်ရာကောင်းအောင် ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုတ်ယုတ် ပျောက်ကွယ် ခဲ့ရတာပါ။

ကျွန်တော်ပြောတာ ဟုတ်၊ မဟုတ် စဉ်းစား ကြည့်ပေါ့ဗျာ။ မန္တလေးမြို့ရဲ့ မြို့တော်ဝန် တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ လူကြီး တော်တော်များများဟာ အကျင့် ပျက်ခြစားလို့ အပြစ်ပေး အရေးယူ ခံခဲ့ရတာ ချည်းပါပဲ။ ဒီလိုလူတွေ တာဝန်ယူခဲ့တဲ့ မြို့ ခုလိုဖြစ်ခဲ့တာ မဆန်းဘူးလို့တောင် ပြောရမလိုပါပဲ။ စစ်အာဏာရှင် အုပ်ချုပ်မှု ပြီးဆုံးလို့ ဒီဘက် ဒီမိုကရေစီခေတ် ရောက်တော့လည်း ကောင်းအောင်လုပ် ဆောင်ကြလားဆိုတော့ ပိုတောင် ဆိုးသွားသေးပါတယ်။

အခု အစိုးရသစ် လက်ထက် မြို့တော်ဝန် အသစ် လက်ထက်မှာ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်း အရှေ့ဘက်မှာရှိတဲ့ အရင် စစ်အစိုးရ လက်ထက်တုန်းက ပဲဖြူကုန်း ရွာသူ၊ ရွာသားတွေဆီက သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ မင်္ဂလာ မန္တလေး စီမံကိန်း ဆိုပြီး ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုတဲ့ စီးပွားရေးသမားတွေနဲ့ မန္တလေး စည်ပင်သာယာနဲ့ အကျိုးတူ ပူးပေါင်းပြီး လုံးချင်း အိမ်ရာတွေ၊ ကွန်ဒိုတွေ၊ ဟိုတယ် စီမံကိန်းတွေ ဆောင်ရွက်ပစ်ခဲ့တယ်။ လက်ရှိ မန္တလေး မြို့တော်ဝန်ကို မေးချင်တာက ဒီနေရာမှာ မြို့နေလူထုတွေ အနားယူ အပန်းဖြေနိုင်တဲ့ ဥယျာဉ် ပန်းခြံတွေ တည်ဆောက်လို့ မရဘူးလား။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးတူ ဆောင်ရွက်ခဲ့တယ် ဆိုတာတောင် ပွင့်လင်းမြင်သာစွာ မထုတ်ပြန်ခဲ့ပါဘူး။

ဒီနေ့အထိ အစိုးရသစ် သက်တမ်း(၄)နှစ် နီးပါးရှိခဲ့ပေမဲ့ ကျွန်တော်တို့ မန္တလေး ပြည်သူ၊ ပြည်သားတွေ ရွေးချယ် ခန့်အပ်ခဲ့တယ်လို့ ပြောတဲ့ အုပ်ချုပ်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာလည်း မန္တလေး မြို့ကြီး အတွက် မြို့သူ၊ မြို့သားတွေ အတွက် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တာ၊ လုပ်ဆောင်ခဲ့တာ၊ လွှတ်တော်မှာ တင်ပြ ဆွေးနွေး တောင်းဆိုခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီနေရာမှာ နိုင်ငံခေါင်းဆောင်တွေကို ကျွန်တော် ပြောချင်တာက မန္တလေးမြို့ကို အုပ်ချုပ်ဖို့ အတွက် တိုင်းဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့ လုပ်ဖို့ဆိုတာက ဘယ်သူလာလာ လုပ်လို့ မရဘူး ဆိုတာပါပဲ။ မန္တလေးဟာ ရန်ကုန်နဲ့ မတူသလို နေပြည်တော်နဲ့လည်း မတူပါဘူး။ မန္တလေးရဲ့ သမိုင်း၊ ယဉ်ကျေးမှုတွေ၊ လူမှုရေး၊ စီးပွားရေး၊ နေထိုင်မှု ဓလေ့စရိုက်တွေ ခံစားနားလည်ဖို့ မန္တလေးကို တကယ်ချစ်တဲ့၊ စေတနာထားနိုင်တဲ့ လူဖြစ်မှရမယ် ဆိုတာ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားတွေကို ပြောချင်တာက ဖြစ်ပြီးခဲ့တာတွေ အတွက် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ပေမဲ့ တစ်ချိန်မှာ မန္တလေးမြို့ကို ပြန်လည် ကယ်တင်ဖို့ မန္တလေး အစစ် ပြန်ဖြစ်ဖို့အတွက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကျင့်သီလ လည်းကောင်း၊ အသိဉာဏ်လည်း ရှိပြီး၊ လူထုအပေါ်ကို စေတနာထားတဲ့ မန္တလေးမြို့ကို တကယ်ချစ်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ် ခန့်အပ်ကြဖို့ နှိုးဆော် တိုက်တွန်း လိုက်ပါတယ်။

ချစ်ခြင်းအားဖြင့် . . .

ကျော်ကြီး (MDY)

ရေပက်ကစားစဉ် ပါးနမ်းမိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်မိသားစု စကားများ ရန်ဖြစ်ခဲ့ကြရာမှ ခဲတံချွန်ဓါးနှင့်ဆွဲခြစ်ခဲ့သဖြင့် သေဆုံး


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဒေါ်လွင်လွင်မာမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တူဖြစ်သူ ဇော်လင်းထွန်းမှ တစ်လမ်းတည်းနေ မလမင်းတွယ်တာအား ရေပက်စဉ် ပါးနမ်းသကဲ့သို့ ဖြစ်ခဲ့သဖြင့် မလမင်းတွယ်တာ၏ အစ်မဖြစ်သူ မဇင်မီမီထွန်း(ခ)ဇင်မီလေး၊ (၂၉)နှစ်၊ (ဘ)ဦးစိုးဝင်းမှ တူဖြစ်သူအား ပါးရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်၊ အစ်မဖြစ်သူ မအိဖြူ၊ အဖွားဖြစ်သူ ဒေါ်သန်းရှင်တို့ စကားများကြစဉ် မဇင်မီမီထွန်း(ခ)ဇင်မီလေးမှ အရိုးအသွား(၄)လက်မခန့်ရှိ ခဲတံချွန်ခေါက်ဓါးနှင့်လှီးခဲ့သဖြင့် ဒေါ်တင်တင်မော်တွင် ၀ဲရင်ဘတ်၊ ၀ဲပါး၊ ၀ဲလက်ကောက်ဝတ်နှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာ(၁)ချက်စီရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်တင်တင်မော်အား ဆိပ်ကြီးခနောင်တိုမြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း (ခ)ဇင်မီလေးအား အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ ဒေါ်တင်တင်မော်မှာ ၁၉၄၀ အချိန်တွင် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲစစ်ဆေးကာ ပြစ်မှုကျူးလွန်သူ မဇင်မီမီထွန်း(ခ) ဇင်မီလေးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဇင်မီမီထွန်း(ခ)ဇင်မီလေးမှလည်း ညီမဖြစ်သူ မလမင်းတွယ်တာအား ဇော်လင်းထွန်းမှ ရေပက်ကစားစဉ်နောက်မှဖက်ပြီး ပါးနမ်းခဲ့ခြင်းနှင့် ဇော်လင်းထွန်း၏မိခင် ဒေါ်တင်တင်မော်မှ ဆဲဆိုခဲ့ခြင်း တို့အတွက် အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့မ ရဲစခန်း(ပ)၈၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၅၄/၂၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ဇော်လင်းထွန်းနှင့် ဒေါ်တင်တင်မော်(သေဆုံး)တို့အား အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


Popular Posts

Facbook Like လုပ်ခဲ့ပါ

အလည်လာကြသူများ

Labels