မြန်မာမလေး မ, ယဉ်ကျေး

“မြန်မာမလေး မ,ယဉ်ကျေး”

ဘုရား တရား သံဃာ
ရတနာ မြတ်သုံးပါးနဲ့ 
ဆရာသမား မိဘ
အနန္တာ အနန္တကို
အမြဲဦးချ သတိတရနဲ့ 
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမူအရာ
ဗုဒ္ဓဘာသာ အစဉ်အလာပါ။

သမီးကလေး အိပ်ယာကနိုးရင်
ဘုရား ရှိခိုးရဲ့လား။
ဘုရားစဉ်မှာ အမြဲလမ်းဖို့ 
ပန်းရေချမ်းမှ ကပ်ရဲ့လား။
ကိုယ်မစားခင် စားဦးတင်ဖို့ 
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား။
ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား။
ရေလိုအေးလို့  ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား။
ကိုယ်မှုနှုတ်မှု၊ စိတ်မှု
သာဓုသံဆို ချိုရဲ့လား။

မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့  နူးညံ့တယ်။
လောကဓံကွေ့ ၊ ဘယ်လိုတွေ့ တွေ့ 
မရွေ့ မဏ္ဍိုင်၊ မယိမ်းယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ်။

စာရိတ္တအကျင့်၊ ဇာတိမြင့်
ဥာဏ်နဲ့  ယှဉ်ကာ၊ မျှတစွာ
ငါ၏အရေး၊ သူ့ အရေး
တပြေးညီညီ ကျင့်ပါတယ်။

ဗုဒ္ဒသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမှု၊ လုံးလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ်။

မြန်မာမလေး မ,ယဉ်ကျေး
သတင်းပျံ့ မွှေး၊ ဂုဏ်ပျံ့ မွှေး
ဝေးနီးကျော်စေ ချင်ပါတယ်။

                         
                                                          ( တင်မိုး )
ကိုရာဇာထွေးဘလော့မှကြိုက်လို့ကူးလာတာပါ

0 Response to "မြန်မာမလေး မ, ယဉ်ကျေး "

Post a Comment

မိတ်ဆွေရဲ့ ထင်မြင်ချက်လေးကို ရေးသွားနိုင်ပါတယ်
မိတ်ဆွေ၏ဝေဖန်မှု့သည်ရိုင်းစိုင်းမှု့များမပါလျှင်ဖော်ပြပေးသွားပါမည်

ကျွှန်တော်ဆိုဒ်နဲ့ပတ်သတ်ပြီး ဝေဖန်အကြံပြုချင်တာဘဲဖြစ်ဖြစ်တစ်ခုခုမေးမြန်းချင်တာဘဲဖြစ်ဖြစ် dmoethar@gmail.com ကိုအပ်ပြီးဝေဖန်အကြုံပြုမေးမြန်းနိုင်ပါတယ် ဆိုဒ်နဲ့တင်တဲ့ပိုစ့်တွေနဲ့ပတ်သတ်ပြီး အဆင်ပြေတယ်ဆို မိတ်ဆွေကတစ်ဆင့် သူများတွေကို ပြန်ပြောပြပေးပါ အဆင်မပြေရင် ကျွှန်တော်ကိုပြောပါ dmoethar@gmail.com ကိုအပ်ပြီး သိလိုသည်များကို
မေးမြန်းနိုင်ပါတယ်ဗျာ Admin~~ဒီမိုးသား(dmoethar@gmail.com)

Popular Posts

Facbook Like လုပ်ခဲ့ပါ

အလည်လာကြသူများ

Labels